Sunday, April 14, 2013

မြန်မာကက်သလိပ် ဆုတောင်းမေတ္တာများ

နေ့စဉ် ဆုတောင်းမေတ္တာများ

ခရစ္ဆတူးအမှတ်တားခြင်း။
ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ နာမတော်မြတ် အာမင်။

သန့်ရှင်းသောဝိညာဉ်တော်ကို ဖိတ်ခေါ်ခြင်း
  • အိုသန့်ရှင်းသော ၀ိညာဉ်တော်မြတ်ဘုရားကြွလာတော်မူပါ။
  • ဘာသာတူ အပေါင်းတို့၏ နှလုံးပြည့်ဝစေတော်မူ၍ ချစ်လေးမြတ်ခြင်း မီးလျှံဖြင့်လည်း ထွန်းတောက်စေတော်မူပါ။
  • ၀ိညာဉ်တော်မြတ်ကို စေလွှတ်သဖြင့် ဘာသာတူတို့၏ ၀ိညာဉ်တို့သည် သန့်ရှင်းဖြူစင်ခြင်းသို့ ရောက်ပါလိမ့်မည်။
  • မြေမျက်နှာပြင်သည်လည်း အသစ်ပြုပြင်ခြင်းသို့ ရောက်ပါလိမ့်မည်။
ဆုတောင်းကြစို့
သန့်ရှင်းသောဝိညာဉ်တော်၏ အလင်းကျေးဇူးတော်အားဖြင့် ဘာသာတူအပေါင်း တို့ကို သွန်သင်တော်မူပေသော အိုမြတ်စွာဘုရားသခင်၊ ၄င်းဝိညာဉ်တော်အားဖြင့် ဖြောင့်မှန်ရာကို နှစ်သက်၍ သာယာချမ်းသာခြင်းကို ခံစားအံ့သောငှာ၊ အကျွန်ုပ်တို့ သခင်ယေဇူး၏ ကုသိုလ်တော် အကျိုးဆက်ကို ထောက်တော်မူ၍ အကျွန်ုပ်တို့အား ကယ်မသနားတော်မူပါ။ အာမင်။

ကောင်းကင်တမန်တော်က မာရီယားအားနှုတ်ဆက်ခြင်းမေတ
ဂုဏ်ကျေးဇူတော်နှင့်ပြည့်စုံတော်မူသော မာရီယား သခင်မအား မင်္ဂလာဖြစ်စေသတည်း။ ဘုရားသခင်သည် သခင်မ ကျိန်းဝတ်တော်မူ ၍ မိန်းမတကာတို့တွင် သခင်မသည် မွန်မြတ်တော်မူသည်။ သခင်မ၏၀မ်းတော်၌ ပဋိသန္ဓေယူတော်မူသော ယေဇူးသည်လည်း မွန်မြတ်တော်မူသည်။ မြတ်စွာဘုရား၏ မယ်တော်သန့်ရှင်းသော မာရီယား ယခုမှစ၍ သေခါနီးတွင် အပြစ်ရှိသူ အကျွန်ုပ်တို့ အဖို့ငှာ ဆုတောင်းပေးတော်မူပါ။ အာမင်။

သခင်ယေဇူးစီရင်ထားတော်မူသော မေတ္တာ။
ကောင်းကင်ဘုံ၌ ကိန်းဝပ်တော်မူသော ကျွန်ုပ်တို့၏ အဖ၊ ကိုယ်တော်၏ နာမတော်အား ရိုသေလေး မြတ်ခြင်းရှိပါစေသော်။ ကိုယ်တော်၏ နိုင်ငံတော်သည် ရောက်ပါစေသော်။ ကောင်းကင်ဘုံ၌ ဖြစ်သကဲ့သို့ မြေကြီးပေါ်၌လည်း ကိုယ်တော်၏ အလိုတော်သည် ပြည့်စုံပါစေသော်။ နေ့စဉ်မပြတ် အလိုရှိအပ်သော အရာ အစားတို့ကို ကျွန်ုပ်တို့အား ယနေ့၌ပင် ပေးသနားတော်မူပါ။ ကျွန်ုပ်တို့ကို ထိခိုက်ကျူးလွန်သော သူတို့အား အကျွန်ုပ်တို့ ခွင့်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏ အပြစ်များကိုလည်း၊ အခွင့်လွှတ်တော်မူပါ။ နှောက်ယှက်ခြင်းအမှု့တို့၌ အကျွန်ုပ်တို့ကို ပါဝင်ခြင်းမရှိစေဘဲလျှက် မကောင်းဟူသမျှနှင့် ကင်းလွတ်စေ တော်မူပါ။ အာမင်။

တပည့်တော်ကြီးများစီရင်ရေးသားထားသော ယုံကြည်ခြင်းအချုပ်။
အားလုံးစုံကို တတ်နိုင်တော်မူထသော၊ မိုးမြေတို့ကို ဖန်ဆင်းတော်မူထသော ခမည်းတော်ဘုရားကို ကျွန်ုပ်တို့သည် ယုံကြည်လေးမြတ်ခြင်းရှိပါ၏။ ခမည်းတော်၏ တစ်ပါးတည်းတော်သားတော် ယေဇူးခရစတူး ကျွန်ုပ်တို့၏ သခင်သည်၊ သန့်ရှင်းသော ၀ိညာဉ်တော်အားဖြင့် ပဋိသန္ဓေယူတော်မူ ကညာမာရိယာမှ ဖွားမြင်တော်မူသည်။ ပုံစီဦး ပီလာတူး မင်းလက်ထက် ဒုကစရိယာကျင့်ခံတော်မူ၊ တံကျင် သတ်ထားသဖြင့် အသက်တော်ထွက် အလောင်းတော်ကို သဂြိုင်္ဟ်သည်။ အောက်နိုမ့်ရာအရပ်သို့ ဆင်းကြွတော်မူ၍ တတိယ နေ့တွင် သေသည့်သူတို့အစုမှ ရှင်ပြန်ထမြောက်တော်မူသည်။ ကောင်းကင်ဘုံသို့ တတ်တော်မူ၍ အားလုံးစုံကို တတ်နိုင်တော်မူသော ခမည်းတော်ဘုရား လက်ယာဘက်မှာ ထိုင်၍ နေတော်မူသည်။ ထိုမှ ရှင်သူ သေသူတို့ကို စီရင်စစ်ကြောတော်မူရန် ကြွလာတော်မူလိမ့်မည်။ ဤအကြောင်းအချက်တို့ကို ယုံကြည်လေးမြတ်ခြင်းရှိပါ၏။ သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားကို လည်းကောင်း၊ သန့်ရှင်းသော ကက်သလစ်အသင်းတော်ကို လည်းကောင်း၊ သူတော်သူမြတ်အပေါင်းတို့သည် တစ်လုံးတစ်ဝတည်းဖြစ်၍ အချင်းချင်း အကျိုးကုသိုလ်တို့ကို ခံစားရကြောင်း၊ အပြစ်ဟူသမျှကို လွတ်ကြောင်း ကိုယ်ခန္ဓာ ရှင်ပြန်ထမြောက်မည့်အကြောင်း၊ အစဉ်ထာဝရ အသက်ရှင်မည့်အကြောင်းတို့ကိုလည်း ယုံကြည် လေးမြတ်ခြင်းရှိပါ၏။ အာမင်။
ၷၶၵၴၲၲ
နေ့စဉ်နံနက် ပူဇော်ခြင်းမေတ္တာ
အို... သခင်ယေဇူး ရွှေနှလုံးတော်၊ နေ့ ကျွန်ုပ် လုပ်အံ့သမျှ၊ ကြံအံ့သမျှခံရသမျှသော ဒုကများနှင့် ပို့အံ့သမျှသော ဆုတောင်း မေတ္တာများကို၊ ရွှေစိတ်အကြံတော်နှင့်၊ တလုံးတ၀တည်း ထားပြီးလျှင် သန့်ရှင်းစင်ကြယ်သော မယ်တော်၏ နှလုံးတော်ကို အမှီပြုလျက် ကိုယ်တော်အား တင်ပူဇော်ပါသည်။ အာမင်။

ယုံကြည်ခြင်းမေတ
မှားယွင်းခြင်းနှင့်ကင်း၍ သစ္စာသမာဓိနှင့် ပြည့်စုံတော်မူသော အိုမြတ်စွာဘုရား သခင်၊ ကိုယ်တော်၏ ဗျာဒိတ်တော်နှင့်အညီ၊ သန့်ရှင်းသောကာသိုလိပ်အသင်း တော် သွန်သင်သမျှကို တည်မြဲစွာ အကျွန်ုပ်ယုံကြည် ခြင်းရှိပါသည်။ 


မျှော်လင့်ခြင်းမေတ
အားလုံးစုံကို တတ်နိုင်တော်မူသော အနန္တ ကရုဏာသနားခြင်းနှင့် ပြည့်စုံတော်မူသော၊ ထားတော်မူရာ ကတိ တော်၌ လည်းအမြဲတည်တော်မူသော အိုမြတ်စွာဘုရားသခင် ယေဇူးခရစ္ဆ္ဆတူးသခင်၏ ကုသိုလ်တော် အကျိုးဆက်ကို ထောက်၍ ကျူးလွန်မိသော အပြစ်တို့၏ အခွန့်ချမ်းသာကို လည်းကောင်း၊ ကိုယ်တော်၏ ပညတ်တော်တို့ကို စောင့်ထိန်းပါမူ နောင်ဘ၀၌ ထာဝရချမ်းသာကိုရပါမည့် အကြောင်း ကျွန်ုပ်တောင့်တ မျှော်လင့်ခြင်းရှိပါသည်။

ချစ်လေးမြတ်ခြင်းမေတ
အိုမြတ်စွာဘုရားသခင်၊ ကိုယ်တော်သည် အတိုင်းမသိကောင်းမြတ်တော်မူ၍ ဂုဏ်တော်အပေါင်းနှင့် ပြည့်စုံ တော်မူသောကြောင့်၊ နှလုံးအကြွင်းမဲ့ကိုယ်တော်ကို အရာခပ်သိမ်းတို့ထက် ချစ်ခင်မြတ်နိုးခြင်းရှိပါသည်။ သူတပါးကိုလည်း ကိုယ်တော် ၏ ရွှေမျက်နှာတော်ကို ထောက်၍ ကိုယ်ရှင်ကဲ့သို့ ချစ်ခင်မြတ်နိုးခြင်းရှိပါသည်။

ကိုးကွယ်ခြင်းမေတာ

အထူးသဖြင့်မြင့်မြတ်တော်မူုလှသော ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော်၊ ပုဂိုလ်သုံးပါးတစ် ဆူဘုရား အမှန်ရှိတော်မူကြောင်းကို အကျွန်ုပ် ယုံကြည်ခြင်းရှိပါသည်။ စိတ်နှလုံးအကြွင်းမဲ့ကိုယ်တော်ကို ချစ်မြတ်နိုး ရိုသေသာ ဦးချရှိခိုးပါသည်။ အကျွန်ုပ်ကို ဖန်ဆင်းတော်မူပြီး ဟုတ်မှန်သော တရားအလင်းတော် သို့ပို့ဆောင်ခြင်း၊ ညတွင် ကိုယ်လက်မကွာထားတော်မူခြင်းကျေးဇူးတော်ကို အဘယ်သို့ဆပ်တင်နိုင်ပါမည်နည်း။ ဒီနေ့တွင် ကျင့်ကြံ လုပ်ဆောင်သမျှကို ကိုယ်တော်အားပူဇော်ပါသည်။ အပြစ်ဒုစရိုက်မှ လွတ်ကင်းစေတော်မူပါမည့် အကြောင်းနှင့် ဘေးရန်အပေါင်းမှ ကာကွယ်ဆောက်ရှောက်တော်မူပါမည့် အကြောင်းကို အကျွန်ုပ်သည် ညွတ်တွား အသနားတော်မြတ်ခံပါသည် ဘုရား။ အာမင်


ကိုယ်စောင့်သိကြားအားဆုတောင်း မေတ္တာ
ဘုရားရှင်က အမိန့်တော်ရှိ ကျွန်ုပ်ကိုစောင့်သော ကောင်းကင်တမန်တော်၊ ကျွန်ုပ်အား နေ့ညမပြတ် ဆုံးမသွန်သင်ကြည့်ရှုစောင်မတော်မူပါ။ အာမင်။

သခင်ယေဇူးထံ ဆုတောင်းမေတ္တာများ

ဂရုဏာရှင်ယေဇူးထံ ဆုတောင်းမေတ္တာ

 

 

 

 

ယေဇူးသခင်သည် အသက်စွန့်တော်မူသည်။ အသက်စွန့်တော်မူသော စမ်းအိုင်သည် လူသားနှင့် ၀ိညာဉ်များ အတွက် ယိုစီးထွက်တော်မူ ဂရုဏာတံခါး တော်သည် တစ်ကမာလုံးအတွက် ဖွင့်တော်မူ၏။ အို အသက်၏ စမ်းအိုင်တော်၊ တိုင်းတာ မမှီနိုင်သော ဂရုဏာရှင် တစ်ကမာလုံးကို ကိုယ်တော်၏ ဂရုဏာ တော်ဖြင့် လွှမ်းခြုံထားတော်မူ ကျွန်ုပ်တို့ အပေါ်သို့ အကုန်အစင် သွန်းလောင်းချ ပေးတော်မူပါ။

အသက်၏ စမ်းအိုင်တော်အဖြစ် ယေဇူး၏ နှလုံးတော်မှ ယိုစီးထွက်တော်မူသော အို အသွေးတော်နှင့် ရေတော်၊ ကျွန်ုပ်တို့သည် ကိုယ်တော်ကို အားကိုးပါ၏။ အာမင်။
(သီလှရှင်မြတ် ဖောစတီးနား - ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။)
မယ်တော်ထံ ဆုတောင်းမေတ္တာများ

သနားခြင်း၏ မယ်တော်
သနားခြင်း၏ မယ်တော် ဖြစ်ထသော ငြိမ်ဝပ်သာယာစွာ အသက်ရှင်ခြင်းချမ်းသာကို ပေးတတ်သော ကျွန်ုပ်တို့တောင့်တ မျှော်လင့်ရာလည်း ဖြစ်သော၊ သခင်မ မင်္ဂလာရှိစေ သတည်း။ ဆင်းရဲရာဌာန၌ ရှိနေကြသော ကျွန်ုပ်တို့ ဧ၀သားစုတို့သည် သခင်မထံတော်သို့ကြွေးကြော်လျှောက်ပါသည်။ မျက်ရည်ယိုရာအရပ်က ညည်းတွား ငိုကြွေးခြင်းနှင့် သခင်မနောက်တော်သို့ ကျွန်ုပ်တို့ ဆုပန်တောင်းကြ ပါသည်။ ကျွန်ုပ်တို့၏ ရှေ့နေရှေ့ရပ်ဖြစ်သော သခင်မ၊ သနားတတ်သော မျက်စိတော်ကို ကျွန်ုပ်တို့ဆီသို့ လှည့်လည်တော်မူပါ။ ကြင်နာသနားခြင်း၊ ချစ်ခင်စုံမက်ခြင်း၊ သိမ်မွေ့နူညံ့ခြင်း သီလနှင့် ပြည့်စုံတော်မူသော အို... ကညာ မာရီယား၊ ဆင်းရဲရာဌာနမှ လွတ်မြောက်သောအခါ သခင်မ၏ ၀မ်းခေါင်း စွဲနေတော်မူပြီးသော အထူး အလွန်မွန်မြတ်တော်မူလှသော သားတော်ယေဇူးကို ကျွန်ုပ်တို့အား ပြတော်မူပါ။

မက်မောရာရီမေတ္တာ
အိုကျေးဇူးပြုတတ်သောသီလရှင်မြတ် သခင်မထံခိုလှုံသောသူမည်သည်ကား သခင်မစောင်မခြင်းကို မခံရဘဲ နေသည်ဟုမကြားဖူးသောကြောင့် အပြစ်ရှိသူကျွန်ုပ်တို့ ပူဆွေးဝမ်းနည်းခြင်းနှင့် သခင်မထံတော်သို့ လုံးလုံးကြီး ကိုးစား ခြင်းကပ်ရောက်လာကြပါသည်။ လူအပြစ်ကိုယူတော်မူသောသားတော်ဘုရား မြတ်မယ်တော် ကျွန်ုပ်လျှောက်တောင်းသည့်ဆုကို ငြင်းပယ်တော်မမူပါနှင့် ဂရုဏာသနားခြင်းဖြင့်နာခံတော်မူပါ။


ရဟန္တာများထံ ဆုတောင်းမေတ္တာများ


အခြား ဆုတောင်းမေတ္တာများ
ယေဇူး၊ မာရီယား၊ ဇူဇယ်
ယေဇူး၊ မာရီယား၊ ဇူဇယ် အရှင်မြတ်တို့အား ကျွန်ုပ်၏နှလုံးနှင့် အသက် ၀ိညာဉ်ကို ကျွန်ုပ်အပ်နှံ ပူဇော်ပါ၏။
ယေဇူး၊ မာရီယား၊ ဇူဇယ် ကျွန်ုပ်အသက်ထွက်ခါနီးသော အခါ ကျွန်ုပ်ကို ကြည့်ရှုစောင်မတော်မူကြပါ။
ယေဇူး၊ မာရီယား၊ ဇူဇယ် အရှင်မြတ်တို့၏ အပေါင်းအသင်း၌ ငြိမ်သက်ခြင်း နှင့် သေရပါစေသော်။


ရွှေလက်တော် ကိုယ်စိတ်နှစ်ပါးကို အပ်လိုက်ခြင်းမေတ္တာ
ကျွန်ုပ်တို့၏ ဘုရားသခင်၊ အကျွန်ုပ်သေရကြောင်းကို အမှန်သိပါသည်။ သေခြင်းအချိန်ကိုကား အကျွန်ုပ်မရိပ်မိနိုင်ပါ။ သို့ရာတွင် ကျွန်ုပ်မအိပ်ခင် ကိုယ်စိတ်နှစ်ပါးတို့ကို ရွှေလက်တော် ၌ အပ်လိုက်ပါသည်။ အလိုတော်ရှိ၍ ချိန်းချက်တော်မူသည့်အချိန်၌ အသက်ဆုံးခြင်းကို ခံချင်ပါသည်။ ထိုကြောက်မက် ဖွယ်သော အချိန်ပေါ်လာသောအခါ သခင်ယေဇူး၏ မျက်နှာတော်ကို ထောက်တော်မူ၍ အပြစ်များကို ချမ်းသာပေးသနားတော်မူပါ။

မြတ်စွာဘုရားရှင်၏ပညတ်တော်(၁၀)ပါး

( ၁ ) ဘုရားတစ်ဆူအပြင်မည့်သည့်အရာ သတ၀ါကိုဘုရားအမှတ်နှင့်ကိုးကွယ်ခြင်းကိုမပြုလင့်။
( ၂ ) ဘုရားရှင်၏နာမတော်မြတ်ကို မရိုမသေ သုံးဆောင်ခြင်းကိုမပြုလင့်။
( ၃ ) ဘုရားရှင်၏သတင်းပွဲနေ့တို့ကိုဆောင့်လော။
( ၄ ) မိဘတို့အားရိုသေခြင်းကိုပြုလော။
( ၅ ) လူ၏အသက်ကိုသတ်ပုတ်ခြင်းကို မပြုလင့်။
( ၆ ) ကာမဂုဏ်အမှုကို ကျူးလွန်ခြင်းကိုမပြုလင့်။
( ၇ ) သူ၏ပစည်းဥစာကိုခိုးယူခြင်းကိုမပြုလင့်။
( ၈ ) မုသားသက်သေခံခြင်းကို မပြုလင့်။
( ၉ ) သူ၏သားမယားကိုတက်စွမ်းခြင်းမရှိစေလင့်။
(၁၀) သူ၏ပစည်းဥစာကိုလိုခြင်သောလောဘစိတ်မရှိစေလင့်။


အသင်းတော်၏ ကျင့်ဝတ်(၆)ပါး
၁။ တနင်္ဂနွေနေ့နှင့် ဘာသာဝတ်တရားပွဲ့နေ့တို့တွင် Mass နာယူကုန်လော။
၂။ တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် အာပတ်ဖြေကုန်လော။
၃။ အနည်းဆုံး ပါစကားပွဲကာလတွင် ကိုယ်တော်မြတ်ကိုပင့်ယူကုန်လော။
၎။ ၀ါရှောင်ခြင်းနှင့်အသားရှောင်ခြင်းပြုရမည့်နေ့တို့ကိုစောင့်လော။
၅။ မိမိတက်စွမ်းသမျှနှင့် အသင်တော်၏လိုအပ်ချက်များကို ဖြည့်ဆည်းလော။
၆။ လက်ထက်ထိမ်းမြားခြင်းအမှု့၊ မပြုအပ်သည့်ကာလနေ့တို့ ၌လည်း ရှောင်ကုန်လော့။
လူငယ်များအတွက် ရဟန်းမင်းကြီးပီဦး(၁၂)စီရင်ထားတော်မူသောမေတ္တာ
ကျွန်ုပ်တို့၏ ဆုတောင်း မေတသည် မျှော်လင့်ခြင်းနှင့် ချစ်ခင်လေးမြတ်ခြင်း တောင်ပံများကို အားပြုလျက် ဘုရားသခင်ထံတော်ပါးသို့ ပျံတတ်ပါစေ။
နွေးထွေးသော နံနက်နေရောင်ခြည်သည် နုနယ်လှသော နှင်းဆီပွင့်ဖူးကလေး များကို ခြုံလွှမ်းထားသကဲ့သို့ ဘုရားသခင်၏ ၀ိညာဉ်တော်သည် လူငယ်များ၏ စိတ်ဝိညာဉ်ကို လွှမ်းခြုံတော်မူပါ။ ကိုယ်တော်၏ ၀ိညာဉ်တော်သည် ကျေးဇူးတော် များနှင့် ပြည့်နှက်လှပါ၏။ ၀ိညာဉ်အပေါင်းတို့၏ မျှော်လင့်အားထားရာလည်း ဖြစ်ပါ၏။
ကောင်းမြတ်တော်မူထသော အိုသခင်၊ ထိုဝိညာဉ်ကလေးများ၏ တိုးတက်မှုအတွက် ဒုက္ခအခက်အခဲများကို ခံထမ်းရန် ကိုယ်တော်အလိုတော်ရှိတော်မူပါလျှင် ထိုဝိညာဉ်ကလေးများသည် ပေးအပ်သော ဒုက္ခများကို ခံထမ်းနိုင်ရန် လိုအပ်သော ခွန်အားကျေးဇူးကို ပေးတော်မူပါ။ လူငယ်ကလေးများ၏ လိမာရေးခြားရှိမှုဖြင့် မိဘ ဆရာသမားတို့အား ရွှင်လန်းချမ်းမြေ့မှုကို ပေးသနားတော်မူပါ။ ထိုကလေးများ၏ အပြုအမူများကို ခရစ္ဆယာန်တို့၏ စံနမူနာဖြစ်စေတော်မူပါ။ ကိုယ်တော်ရှင်၏ အလိုတော်မြတ်အတိုင်း မေတရားပွားများခြင်း၊ အနစ်နာခံလိုစိတ်ရှိခြင်းနှင့် သတိပညာရှိခြင်းတို့ကို လူငယ်များ၏ ၀ိညာဉ်တွင်းသို့ ပေးသွင်းတော်မူပါ။
ဤမတည်မြဲသော လောကထဲတွင် ရှိစဉ်အခါ လိုအပ်သော ဘ၀၏ ပျော်ရွှင်မှုများကို လူငယ်များ အားပေး သနားတော်မူပါ။ ၀ိညာဉ်ရေးတွင်လည်း အဖိုးမဖြတ်နိုင်သော ကျေးဇူးတော်များကို စောင့်မသနားတော်မူပါ။ ပျော်ရွှင်ခြင်း၏ အထွတ်ဖြစ်ရာ ထာဝရကောင်းကင်ဆုတော်ကို ထိုသူတို့အား ပေးသနားတော်မူပါ။ အာမင်။

နိုဗီနာ ဆုတောင်းမေတ္တာများ
ပရိတ်သူငယ်တော်ယေဇူးထံ တန်ခိုးကြီးလှသော ဆုတောင်းမေတ္တာ အို ပရိတ်သူငယ်တော်ယေဇူး၊ သူငယ်တော်၏ မယ်တော်အားဖြင့် ကျွန်ုပ်ကို ကူညီမစခြင်း ပေးသနားတော်မူပါ။ ဆုလာဒ်ကိုလည်း သူငယ်တော်မြတ် ကျွန်ုပ်အား ပေးသနားတော်မူမည်ဟု လုံးလုံးကြီး အားထားယုံကြည်ပါသည်။ ကျေးဇူးတော်များလည်း ပေးသနားတော်မူမည်ဟု မျှော်လင့်ပါသည်။ ချစ်လှစွာသော ယေဇူးကို စိတ်အားရှိသမျှ နှလုံးအကြွင်းမဲ့ ချစ်ပါသည်။ သူငယ်တော်ကိုလည်း ပြစ်မှားခြင်း ပြုခဲ့သည့်အတွက် အလွန်ဝမ်းနည်းသဖြင့် နာကျင်ခြင်းစွဲပါသည်။ သူငယ်တော်၏ ကျေးဇူးတော်အားဖြင့် သူငယ်တော်ကို မည်သည့်အခါမျှ ထိခိုက်ခြင်း မပြုတော့ပါ။ အပြစ်များကို ကြဉ်ရှောင်နိုင်စေရန် ဆုကျေးဇူးတော်ကို ပေးသနားတော်မူပါ။ ထို့ကြောင့် သူငယ်တော်ကို ချစ်သကဲ့သို့ မိမိနှင့်နီးစပ်သောသူကိုလည်း ချစ်ပါမည်။ အလုံးစုံကို တတ်နိုင်တော်မူ ထသော သူငယ်တော်မြတ် တဖန်ကျွန်ုပ်၏ တောင်းဆိုချက်ကို ပေးသနား တော်မူပါ။
(လိုလားသော အချက်ကို ဖော်ပြပါ။)
အစဉ်သီလနှင့် ပြည့်စုံတော်မူသော မယ်တော်၊ မွန်မြတ်သောဇူဇယ်နှင့် အတူတကွ၊ ယေဇူးသူငယ်တော်နှင့် ကောင်းကင်ဘုံ သိကြား ရဟန္တာအပေါင်း တို့နှင့် အတူ ကျွန်ုပ်ရှိခိုးထောပနာအမြဲပြုနိုင်စေရန် အတွက်၊ ကျေးဇူးတော်ကို ပေးသနားတော်မူပါ။ အာမင်။

ကလေးသူငယ်သဘွယ် မိဘကို အားကိုးသောစိတ်နှင့် ကျင်းပရန် တန်ခိုးကြီးသော နိဗေနာ
အို ယေဇူးအရှင်မြတ် တောင်းလျှင်ရလိမ့်မည်၊ ရှာလျှင်တွေ့လိမ့်မည်၊ ခေါက်လျှင်ပွင့်လိမ့်ဟု ကိုယ်တော်မိန့်တော်မူသည်၊ ကိုယ်တော့်မယ်တော်၏ ပန်ကြားခြင်းအားဖြင့်၊ ကျွန်ုပ်လိုအပ်သော ကျေးဇူးကို ရပါရန် ခေါက်ပါသည်၊ ရှာလည်းရှာပါသည်၊ တောင်းလျှောက်လည်း တောင်းလျှောက်ပါသည်။
(လိုလားသော အချက်ကို ဖော်ပြပါ။)
အို ယေဇူးအရှင်မြတ်၊ ငါ၏ နာမတော်အားဖြင့် တောင်းလျှောက်ရာ ဟူသမျှကို ငါ၏ ခမည်းတော်သည် သင့်အားပေးလိမ့်မည်ဟု မိန့်တော်မူခဲ့၏။
ကိုယ်တော်၏ အလွန်မွန်မြတ်သော မယ်တော်မာရိယား၏ ဆုပန်ခြင်းအားဖြင့်၊ ကျွန်ုပ်လိုအပ်သော ကျေးဇူးကို ကိုယ်တော်၏ နာမတော်အားဖြင့် အဘခမည်းတော်ထံမှ ရရှိနိုင်ရန် အနူးညွတ် စိတ်အားထက် သန်စွာနှင့် အသနားခံပါသည် ဘုရား။
(လိုလားသော အချက်ကို ဖော်ပြပါ။)
အို ယေဇူးအရှင်မြတ် ကောင်းကင်နှုင့်မြေကြီး မတည်သော်လည်း၊ ငါ့စကားတည်လိမ့်မည်ဟု ကိုယ်တော်မိန့်တော်မူခဲ့သည်။ ကိုယ်တော်၏ အလွန်မွန်မြတ်သော မယ်တော်မာရိယား၏ ပန်ကြားခြင်း အားဖြင့် ကျွန်ုပ်လိုအပ်သော ကျေးဇူးကို ကိုယ်တော်ပေးသနားတော်မူမည်ဟု ကျွန်ုပ်မြဲမြဲစွာ ယုံကြည်ပါသည်။
(လိုလားသော အချက်ကို ဖော်ပြပါ။)


အထွေထွေနိုဗေနာဆုတောင်းပ္တနာများ
တနင်္ဂနွေနေ့
စိန့်ဂျုဒ်ကို ခိုကိုးခြင်းမေတ
ဘုန်းဂုဏ်တော်ကြီးမားလှသော စိန့်ဂျုဒ်၊ သခင်ယေဇူး၏ သစ္စာရှိလှသော တပည့်မိတ်ဆွေ၊ သစ္စာဖောက်သူ၏ အမည်ကြောင့် အများကသတိမရကြသော်လည်း၊ စကြာဝဠာတစ်ဝန်းလုံးက မျှော်လင့်ချက်မရှိတော့သည့် ကိစ္စများ၊ စိတ်ပျက်အားငယ်လက်မြှောက်ရသည့် ကိစ္စများကို အောင်မြင်စွာဆောင်ရွက်ပေးနိုင်သည့် သူတော်သူမြတ်အဖြစ် အသင်းတော်က အသိအမှတ်ပြုထားပါသည်။
အတိဒုက္ခရောက်နေသည့် အကျွန်ုပ်အဖို့ငှာ ဆုတောင်ပေးတော်မူပါ။ အရှင်မြတ်အား ဘုရားသခင်က ပေးထားသည့် အခွင့်အရေးကို အသုံးပြု၍ အကျွန်ုပ် စိတ်ပျက်အားငယ်နေသည့် ကိစ္စတွင် လျှင်မြန်စွာ ကျေးဇူးပေးပါမည့်အကြောင်း တောင်းပန်ပါသည်။ အကျွန်ုပ် အလွန်ပင် လိုအပ်နေသည့် အချိန်တွင် အကူအညီပေးသနားတော်မူပါ။ ကျွန်ုပ်၏ ခံစားချက်များ၊ လိုအပ်ချက်များနှင့် တောင်းလျှောက်ချက်များအတွက် ကောင်းကင်နိုင်ငံမှ နှစ်သိမ့်ခြင်း၊ အကူအညီပေးခြင်း၊ ခံစားရခြင်းအလို့ငှာ အထူးသဖြင့် (လိုအပ်သောဆုကို တောင်းရန်) အတွက် ကူညီ၍ အကျွန်ုပ်ကိုလည်း သူတော်သူမြတ်နှင့် အတူ ဘုရားသခင်နှင့် သူတော်သူမြတ်အားလုံးတို့အား အစဉ်ထာဝရ ချီးမွမ်းထောပနာပြုနိုင်ပါမည့် အကြောင်း တောင်းလျှောက်ပါသည်။
မွန်မြတ်လှသော အရှင်မြတ် စိန့်ဂျုဒ်၏ ကြီးမြတ်လှသော ဤ ဆုကျေးဇူးတော်ကို သတိရစွာဖြင့် အရှင်မြတ်အား ကျွန်ုပ်၏ အထူးဘုန်းဂုဏ်တော်ရှိလှသည့် သူတော်သူမြတ်အဖြစ် အစဉ်အမြဲဂုဏ်ပြုလျက် အကျွန်ုပ်တတ်အားသမျှ အရှင်မြတ်အား လူအများခိုလှုံအားကိုးကြရန် အားပေးလုပ်ဆောင်ပါမည်။ အာမင်။ တန်ခိုးထက်မြတ်လှသော သူငယ်တော်သခင်ယေဇူး၏ နာရီပိုင်းနိုဗေနာ
တနင်္လာနေ့
(တစ်ရက်အတွင်း ၉ နာရီ ဆက်တိုက် တစ်နာရီလျှင် တစ်ကြိမ် ဆိုအပ်သော ဆုတောင်း္တနာ)
အို... သခင်ယေဇူးအရှင်မြတ်၊တောင်းလျှင်ရလိမ့်မည်ရှာလျှင် တွေ့လိမ့်မည်၊ ခေါက်လျှင် ပွင့်လိမ့်မည်ဟုမိန့်တော်မူခဲ့သည့် အတိုင်း ကျွန်ုပ်သည် သခင်ယေဇူး၏ မယ်တော် ကညာစင်မာရီယား၏ သန့်ရှင်းဖြူစင်သော နှလုံးတော်အားဖြင့် ကျွန်ုပ်တောင်းလျှောက်ရာကို ပေးပါမည့်အကြောင်း ခေါက်ပါသည်၊ ရှာပါသည်၊ တောင်းလျှောက်ပါသည်။
(လိုအပ်သော ဆုကျေးဇူးကို တောင်းရန်)
အို.. ယေဇူးခရစတူးသခင်၊ “ငါ၏ နာမတော်ဖြင့် အဖ ခမည်းတော်ထံ မည်သည့်အရာကို မဆို တောင်းလျှောက်လျင်ရပါလိမ့်မည်” ဟု မိန့်တော်မူခဲ့သည့် အတိုင်း ကျွန်ုပ်သည် ကိုယ်တော်၏ အလွန်မွန်မြတ်သော မယ်တော်၏ ဆုပန်ကြားခြင်းအားဖြင့် ကျွန်ုပ်တောင်းလျှောက်ရာကို ပေးပါမည့် အကြောင်း သခင်ယေဇူး သူငယ်နာမတော်အားဖြင့် အဖခမည်းတော်ထံရိုသေလေးစားစွာ အနူးအညွတ်တောင်းလျှောက်ပါသည်။
(လိုအပ်သော ဆုကျေးဇူးကို တောင်းရန်)
အို... ယေဇူး ခရစတူးသခင်၊ “ကောင်းကင်ဘုံနှင့် မြေကြီးသည် ပျောက်ကွယ်သွားသော်လည်း ငါ၏စကားမှာ ပျောက်ကွယ်မည်မဟုတ်ပါ။” ဟု မိန့်တော်မူခဲ့သည့် အတိုင်းသခင် ယေဇူး၏ မယ်တော်ကညာစင် မာရီးယား၏ ပန်ကြားခြင်းအားဖြင့် ကျွန်ုပ်လိုအပ်သော ကျေးဇူးကို ကိုယ်တော်ပေးသနား တော်မူမည်ဟု ကျွန်ုပ်မြဲမြံစွာ ယုံကြည်စိတ်ချပါသည်။
(လိုအပ်သော ဆုကျေးဇူးကို တောင်းရန်)
စိန့်အန်ထော်နီအား ခိုကိုးခြင်း မေတ
အင်္ဂါနေ့
အို... ဘုန်းဂုဏ်တော်ကြီးမြတ်လှသော စိန့်အန်ထော်နီ၊ ဒုက္ခသည် အပေါင်းတို့၏ ခိုကိုးရာ၊ တန်ခိုးအာနုဘော်တော်အားဖြင့် ဗျာဒိတ်ပေးသည်မှာ အရှင်မြတ်အား ဆည်းကပ်၍ အကူအညီတောင်း သူတို့သည် အင်္ဂါနေ့ ၉ ရက်တိုင်တိုင် ဆက်၍ ကိုးပါက ၄င်းဆုကျေှးဇူးတော်ကို ခံစားရပါမည်ဟု မိန့်တော်မူပါသည်။ သို့ဖြစ်၍ အပြစ်ရှိသူ ကျွန်ုပ်တို့မှာ ဤကတိကို ယုံကြည်ကိုးစားသောကြောင့် သန့်ရှင်းသော အသင်းတော်က အရှင်မြတ်၏ ရုပ်ပုံအား တင်မြှောက်ပသသည့် အတွက် အသင်းတော်နှင့် အတူ ၀မ်းမြောက်ရပါသည်။ အရှင်သူတော်သူမြတ်အား တောင်းလျှောက်သည်မှာ ကျွန်ုပ်အား ကူညီစောင့်ရှောက်တော်မူပါ။ အကြံဥာဏ်ပေးတော်မူပါ။ ကောင်းချီးပေးတော်မူပါ။ ကျွန်ုပ်၏ တောင်းလျှောက်ရာ ဆုကျေးဇူးသည် ကျွန်ုပ်ဝိညာဉ်၏ ကောင်းကျိုးနှင့် ဘုရားသခင်၏ အလိုတော်နှင့် ဆန့်ကျင်နေပါက ထိုက်သင့်သော ဆုကျေးဇူးတော်ကို ပေးသနားတော်မူပါ။ ကျွန်ုပ်၏ ကယ်တင်ခြင်းအတွက် အထောက်အကူပြုမည့် ကျေးဇူးတော်များရရှိဖို့ စောင့်မပေးပါရန် ခရစတူးသခင်ထံမှ တစ်ဆင့် တောင်းလျှောက်ပေးတော်မူပါ။
အို... သန့်ရှင်းသော စိန့်အန်ထော်နီ၊ အရှင်သူတော်သူမြတ်မှာ သဘောထား အသိမ်မွေ့အနူးညံဆုံး၊ ဘုရားသခင်အား ချစ်ကြည်ညိုသော ကောင်းမှု့ကုသိုလ်တော်၊ မြင့်မြတ်လှသောပါရမီများ လူသားအချင်းချင်းအပေါ် စေတနာထားရှိတတ်သော စိတ်စေတနာကြောင့် လောကတွင်နေခဲ့စဉ်က ထူးမြတ်သော တန်ခိုးအာနုဘော်တော်ကို ပိုင်ဆိုင်ရန် ထိုက်တန်ခဲ့ပေသည်။ တန်ခိုးအာနုဘော်တော်တို့မှာ အရှင်သူတော်သူမြတ် မိန့်မြွက်သည့် အတိုင်း ဖြစ်လာ၍ အရှင်သူတော်သူမြတ်မှာလည်း ဒုက္ခရောက်သူအပေါင်းတို့ကိုယ်စား တောင်းလျှောက်ပေးရန် အမြဲအသင့်ရှိနေပါသည်။ ခက်ခဲလှသော ဆုကျေးဇူးတို့ကို ကိုယ်တော်အား တောင်းလျှောက်ရာ အလဟသ မဖြစ်ခဲ့ပါ။ ဖျားနာသူတို့အား ကျန်းမာစေပါသည်။ ပျောက်ဆုံးသော ပစည်းမားကို ပြန်တွေ့စေပါသည်။ ၀မ်းနည်းကြေကွဲနေသူတို့မှာ အရှင်မြတ်ထံမှ သနားခြင်းခံရ၍ သေသူတို့ကိုပင် ပြန်လည်ရှင်သန် ထမြောက်စေသည်။ လောကတွင် နေခဲ့စဉ် ကာလအတွင်း အရှင်မြတ်အတွက် မဖြစ်နိုင်သည့် အရာမည်သည်မရှိပါ။ စိတ်ဒုက္ခ ဆင်းရဲ ရောက်နေသူတို့အား သနားကြင်နာခြင်းမမြဲရှိပါသည်။ သို့ဖြစ်၍ ကိုယ်တော်ရုပ်ပုံတော်ရှေ့မှောက်တွင် ဒူးထောက်လျက် ယုံကြည်ခြင်း အပြည့်အ၀ဖြင့် ဤဆုကျေးဇူးတော်ကို တောင်းလျှောက်ပါသည်။
(လိုအပ်သော ဆုကျေးဇူးကို တောင်းရန်)
ကျွန်ုပ်လိုအပ်သော ဆုကျေးဇူးမှာ အရှင်မြတ်၏ အာနုဘော်တော်လိုအပ်ပါသည်။ အရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့် ပြည့်စုံသော သူတော်သူမြတ်ဖြစ်သည် မဟုတ်ပါလော။ လောကတွင် နေစဉ်က တစ်ခွန်းမျှ မိန့်တော်မူလျှင် အကြီးမားဆုံးသော အံ့ဖွယ်ရာများပင် ဖြစ်ခဲ့သည် မဟုတ်ပါလော။ အို... သိမ်မွေ့ ချစ်ဖွယ်ရာကောင်းသော စိန့်အန်ထော်နီ၊ စိတ်နှလုံးတွင် သနားကြင်နာခြင်း အမြဲရှိတတ်သည့် အလျောက် ကိုယ်တော်၏ ရင်ခွင်တွင် အမြဲ ပွေ့ပိုက်ထားသော သူငယ်တော် ယေဇူးသခင်အား ကျွန်ုပ်တို့၏ တောင်းလျှောက်ရာကို တင်ပြတော်မူပါ။ ကိုယ်တော်၏ တစ်ခွန်းတည်းသော တောင်းလျှောက်ရာသည် ကျွန်ုပ်တို့အဖို့ လိုအပ်သော ကျေးဇူးကို ရစေနိုင်ပါမည်။ ထိုစကားတစ်ခွန်းတည်းဖြင့် တောင်းလျှောက်ပေးပါလျှင် ကျွန်ုပ်တို့၏ ထာဝရကျေးဇူးတင်ခြင်းသည် အရှင်မြတ်အတွက်ဖြစ်ပါလိမ့်မည်။
(ကောင်းကင်ဘုံ၊ ဂုဏ်ကျေးဇူးတော်၊ ခမည်းတော်၊ သားတော်)
ဆုတောင်းကြစို့
အို .... အဘမြတ်စွာဘုရားသခင်၊ ကိုယ်တော်၏ တရားတော်ကို သက်သေခံသူ သူတော်သူမြတ် စိန့်အန်ထော်နီထံ ဆည်းကပ်ခြင်း အခမ်းအနားသည် ကိုယ်တော်၏ အသင်းတော်ကို ၀မ်းမြောက်စေခြင်း အကြောင်းဖြစ်စေတော်မူပါ။ အသင်းတော်အားလည်း ၀ိညာဉ်ရေးဆိုင်ရာ အကူအညီနှင့် ထာဝရသုခ ချမ်းသာကို ရရှိရန် လိုအပ်သော ကုသိုလ်ကောင်းမှု့များဖြင့် အစဉ်မပြတ် ဖြင့်တင်းပေးပါမည့် အကြောင်း သားတော် ယေဇူးခရစတူးအားဖြင့် တောင်းလျှောက်ပါသည် အဘဘုရား။ အာမင်။